ခြောက်သွေ့ပြီး ပျက်စီးလွယ်တဲ့ ဆံသားတွေကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လို Care လုပ်ကြမလဲ??

ခြောက်သွေ့ပြီး ပျက်စီးလွယ်တဲ့ ဆံသားတွေအတွက် နည်းလမ်းလေး ၃ခုကတော့….

1. ကြက်ဥ

ကြက်ဥ တစ်လုံးကို Shampoo နည်းနည်းလေးနဲ့ ရောမွှေပြီး ခြောက်သွေ့နေတဲ့ ဆံသားတွေကို ၅မိနစ်စာလောက် လိမ်းပေးပြီးနောက် ရေပြန်ဆေးချပေးပါ။

2. ပန်းသီး ရှာလကာ Hair Mask

ပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်း ၁ဇွန်း

သံလွင်ဆီ စားပွဲဇွန်း ၂ဇွန်း

ကြက်ဥ ၃လုံးတို့ကို ရောမွှေပြီး ရလာတဲ့အနှစ်ကို ခေါင်းမှာလိမ်းပေးပြီး နာရီဝက်လောက် ပလတ်စတစ်နဲ့ ဆံပင်တွေကို ထုပ်ပိုးထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ချလို့ ရပါပြီ။

3. ထောပတ်

အိမ်သုံး ထောပတ်ကို နည်းနည်းယူပြီး ခြောက်သွေ့နေတဲ့ ဆံသားတွေကို လိမ်းပေးပါ။ နာရီဝက်စာလောက် ဆံသားတွေကို Shower Cap နဲ့ ဖုံးအုပ်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ချလို့ရပါပြီ။

ဒီလို လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ Care လုပ်လို့ရပါတယ်နော်။