Maskne ဆိုတာ ဘာလဲ
ခုလက်ရှိ တော်တော်များများ ကြားနေရတဲ့ စကားလုံးလေးကတော့ Maskne ပါ
Maskne ဆိုတာက ခုလို Covid19 ကာလမှာ Maskတပ်ရာကနေတစ်ဆင့် မျက်နှာမှာ ဘက်တီးရီးယားတွေဖြစ်လာပြီး Acne (ခေါ်) ဝက်ခြံတွေပေါက်လာတာကို ဆိုလိုတာပါ။….
Mask ကို အချိန်ကြာကြာတပ်ထားရတဲ့အခါ မျက်နှာက အဆီနဲ့ အညစ်အကြေးတွေကို Mask က အုပ်ထားသလိုဖြစ်ပြီး ဘက်တီးရီးယားတွေ ဖြစ်လာတာကြောင့် ဝက်ခြံ၊ အဆီဖုတွေပေါက်လာတာမျိုးပါ။
ဒီလို Maskne ဖြစ်တာကို ဘယ်လိုကာကွယ်ရမလဲ???
- အပြင်ကနေပြန်လာတိုင်း မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပြီး Facial Foamလေးနဲ့ သေချာ မျက်နှာသစ်ပေးပါ။
- Tonerလိမ်းပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို cleansing နောက်ဆုံးအဆင့်အနေနဲ့ သေချာလေး သန့်စင်ပေးပါ။
- ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Moisturizer တစ်ခုခုကိုလည်း လိမ်းပေးသင့်ပါတယ်။
- ဖြစ်နိုင်ရင် ဒီလိုအချိန်မှာ မိတ်ကပ်လိမ်းတာကို ရှောင်ပေးတာ အကောင်းဆုံးပါ။
- တစ်ခါသုံး Maskမဟုတ်ပဲ အဝတ် Mask တပ်တဲ့သူတွေအတွက်လည်း Maskကို သေချာလျှော်ပြီး သန့်စင်အောင်ထားပါ။
- တစ်ခါသုံး Surgical maskတွေကို ပြန်လည်အသုံးပြုတာမျိုး လုံးဝမလုပ်သင့်ပါ။
- ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုပြုသင့်ပါတယ်။
ဒီလို အချက်လေးတွေလိုက်လုပ်ပေးမယ်ဆိုရင်တော့ Maskne ဖြစ်ခြင်းကနေ ကာကွယ်နိုင်မှာပါ။