Peeling လုပ်တယ်ဆိုတာက မျက်နှာအသားအရေကို Peeling Gel တစ်ခုခုနဲ့ ဂျီးချွတ်ပေးတာကို ဆိုလိုပါတယ်။

Peeling လုပ်ပေးမယ်ဆိုရင် အရေပြားအတွင်းပိုင်းမှာ စုနေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို သေချာ သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။

Peeling ကို အများဆုံး တစ်ပတ်ကို ၁ကြိမ် ၂ကြိမ်လောက်ပဲ လုပ်ပေးသင့်ပါတယ်။

အသားခြောက်သူတွေနဲ့ အသားပါးတဲ့ သူတွေဆိုရင် တစ်ပတ်ကို ၁ကြိမ်လောက်ပဲ Peeling လုပ်ပေးပါ။

Cleansing တွေ ဘယ်လောက်ပဲလုပ်လုပ် Peelingကို ပုံမှန်မလုပ်ပေးဘူးဆိုရင် မျက်နှာမှာ အညစ်အကြေးတွေ စုလာနိုင်ပါတယ်။

Peeling ပုံမှန်လုပ်ပေးမယ်ဆိုရင်

  • အညစ်အကြေးကင်းစင်ပြီး အသားအရေလေး ကြည်လင်လာမှာပါ။
  • လိမ်းလိုက်တဲ့ Skin Care တွေကို ပိုပြီး ထိရောက်စေပါတယ်။
  • တင်းတိပ် ၊ အမဲစက်တွေ တဖြည်းဖြည်း ပါးလာစေနိုင်ပါတယ်။
  • အရေပြားအတွင်းပိုင်းမှာ စုနေတဲ့ အညစ်အကြေးတွေကြောင့် ဝက်ခြံနဲ့ အဆီဖုဖြစ်လာမှာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အညစ်အကြေးကင်းစင်ပြီး ကြည်လင်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Peelingလေး ပုံမှန်လုပ်ဖို့ မမေ့ပါနဲ့နော်