ဒီဘက်ခေတ်ကြီးမှာ Skincare ဆိုတာ မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ပြောလို့ရပါတယ်နော်။
Skincare Step တွေ အများကြီး မသုံးရင်တောင် လူတိုင်း Toner ကိုတော့ မဖြစ်မနေ လိမ်းကြပါတယ်။
Toner လိမ်းတဲ့ အခါမှာလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ လိမ်းမှ အသားအရေကို Effective ဖြစ်စေမှာပဲ ဖြစ်ပါတယ်။
Good skinရရှိဖို့အတွက်ဆိုရင် Tonerကလည်း အရေးကြီးတဲ့ skincare step မှာပါဝင်ပါတယ်။
Toner ကို မျက်နှာသန့်စင်ပြီးသွားတဲ့ အခါမှာ ပထမဆုံးအဆင့်အနေနဲ့ စတင်လိမ်းပေးရပါမယ်။
လိမ်းတယ်ဆိုတဲ့နေရာမှာလည်း Cotton pad လေးအသုံးပြုပြီးတော့ နောက်ထပ်အညစ်အကြေးတွေကို သန့်စင်တဲ့ အနေနဲ့ မျက်နှာနဲ့ လည်ပင်းကို နေရာအနှံ့ ပင့်တင့်၍ ညင်သာစွာ ပွတ်လိမ်းပေးရပါမယ်။
အစိုဓာတ်ပိုရရှိချင်တယ်ဆိုရင်တော့ Spray ဘူးလေးထဲကို Toner လေးကို ထည့်ပြီး နေ့စဉ် မျက်နှာကို ဖြန်းပေးလို့ရနိုင်ပါတယ်။
Toner လိမ်းပြီးရင်တော့ မိမိ လိမ်းနေကျ နောက်ထပ် Skincare step တွေ ထပ်လိမ်းပြီး အဆုံးသတ်လို့ရပါပြီ။
Toner ကို Skin (or) Softener ဆိုပြီးတော့လည်း ခေါ်ဆိုနိုင်ပါတယ်။