မိုးရာသီမှာ ဘာကြောင့် အသားအရေကို Cleansing သေချာလုပ်ပေးသင့်တာလဲ???
စိုစွတ်တဲ့ မိုးရာသီမှာ စိုထိုင်းမှုကြောင့် အညစ်အကြေးတွေ ပိုကပ်လွယ်ပြီး အသားအရေကို ပိုပြီးညစ်ညမ်းစေနိုင်ပါတယ်။ ဒီလို အသားအရေညစ်ညမ်းလာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ချွေးပေါက်ကျယ်ခြင်း ၊ဝက်ခြံပေါက်ခြင်း စတဲ့ Skin Problemလေးတွေ ဖြစ်လာနိုင်ပါတယ်။
အဲ့ဒီလိုမဖြစ်ရလေအောင် အသားအရေကို Deep Cleansing သေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။
- အပြင်ကနေ ပြန်လာတိုင်း မျက်နှာအသားအရေမှာ ကပ်ငြိလာနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ဖို့ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Cleansing Product လေးတွေသုံးပြီး Cleansing သေချာလုပ်ပေးရပါမယ်။
- တစ်ပတ်မှာ 1ကြိမ် 2ကြိမ်လောက် Peeling လုပ်ပေးပါ။ Peeling လုပ်ပေးခြင်းသည် အသားအရေအတွင်းမှာရှိသော ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အတွင်းပိုင်းအထိ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် ကြည်လင်ဝင်းပတဲ့ အသားအရေကိုရရှိစေမှာဖြစ်ပါတယ်။
- Cleansing လုပ်ပြီးသွားတဲ့အခါ မျက်နှာပေါ်မှာ ကြွင်းကျန်နေသေးတဲ့အညစ်အကြေးတွေကို နောက်ဆုံးအဆင့်အနေနဲ့ သန့်စင်ပေးနိုင်ပြီး အသားအရေကို အစိုဓါတ် ဖြည့်ပေးနိုင်တဲ့ Tonerကိုလည်း နေ့တိုင်း ပုံမှန်လိမ်းပေးသင့်ပါတယ်။
ဒီလိုမျိုး အသားအရေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် မိုးရာသီမှာလည်း အသားအရေက ညစ်ညမ်းမနေဘဲ ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။