မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်လာရင် အတော်ကို စိတ်ညစ်စရာကောင်းပါတယ်…….
ဒီလို ဝက်ခြံတွေကို ဘယ်လိုကာကွယ်ကြမလဲ….???
- အပြင်ကနေ ပြန်လာတိုင်း Cleansing သေချာလုပ်ပြီး မျက်နှာကို သေချာ ဆေးကြောသန့်စင်ပေးရပါမယ်။
- ဝက်ခြံသက်သာစေတဲ့ Product အများစုက အသားခြောက်စေတတ်လို့ ကိုယ့်မျက်နှာ အသားအရေနဲ့ကိုက်ညီတဲ့ Moisturizer တစ်ခုခုလိမ်းပေးဖို့ကိုလည်း မမေ့ပါနဲ့။
- ဒီလို ဝက်ခြံပေါက်နေတဲ့ အချိန်အတွင်းမှာ တတ်နိုင်သလောက် မိတ်ကပ်လိမ်းတာကို ရှောင်သင့်ပါတယ်။ တကယ်လို့ မဖြစ်မနေလိမ်းရမယ်ဆိုရင်လည်း အဆီဓာတ်ပါဝင်မှုနှုန်းနည်းတဲ့ Cosmetics မျိုးကိုသာရွေးချယ်လိမ်းသင့်ပါတယ်။
- မျက်နှာနဲ့ ထိတွေ့နိုင်တဲ့ ဆံပင်ကို spray, gel လိမ်းတာတွေကို လုံးဝရှောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် ပုံမှန်လည်း ခေါင်းလျှော်ပေးသင့်ပါတယ်။
- ဘက်တီးရီးယားတွေ အများဆုံးရှိနေနိုင်တဲ့ လက်နဲ့ မျက်နှာကို ခဏခဏ ကိုင်တွယ်တာလည်း မလုပ်သင့်ပါဘူး။
- တစ်ပတ်ကို 1ခါ 2ခါလောက်ပုံမှန် Peeling လုပ်ပြီး မျက်နှာကို ဂျီးချွတ်ပေးသင့်ပါတယ်။ ဒါမှ မျက်နှာ ချွေးပေါက်ထဲက အညစ်အကြေးတွေရော မျက်နှာပေါ်က dead cell တွေရော သန့်စင်ပြီး ဝက်ခြံပေါက်တာကို ကာကွယ်ပေးနိုင်မှာပါ။
- အိပ်ရေး ဝဝအိပ်ပေးရပါမယ်။
- Stressတွေကိုလည်း တတ်နိုင်သလောက် ဖြေလျှော့ပေးရပါမယ်။
ဒီအချက်လေးတွေကို သေချာလေးလိုက်လုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံပေါက်တာကို အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်မှာပါ။…..