Maskne ဆိုတာ ဘာလဲ

ခု​လက်ရှိ ​တော်​တော်များများ ကြား​နေရတဲ့ စကားလုံး​လေးက​တော့ Maskne ပါ

Maskne ဆိုတာက ခုလို Covid19 ကာလမှာ Maskတပ်ရာက​နေတစ်ဆင့် မျက်နှာမှာ ဘက်တီးရီးယား​တွေ​ဖြစ်လာပြီး Acne (​ခေါ်) ဝက်ခြံ​တွေ​ပေါက်လာတာကို ဆိုလိုတာပါ။….

Mask ကို အချိန်ကြာကြာတပ်ထားရတဲ့အခါ မျက်နှာ​က အဆီနဲ့ အညစ်အ​ကြေး​တွေကို Mask က အုပ်ထားသလိုဖြစ်ပြီး ဘက်တီးရီးယား​တွေ ဖြစ်လာတာ​ကြောင့် ဝက်ခြံ၊ အဆီဖု​တွေ​ပေါက်လာတာမျိုးပါ။

ဒီလို Maskne ဖြစ်တာကို ဘယ်လိုကာကွယ်ရမလဲ???

  • အပြင်က​နေပြန်လာတိုင်း မျက်နှာ​ပေါ်က အညစ်အ​​ကြေး​တွေကို ​သန့်စင်ပြီး Facial Foam​လေးနဲ့ ​သေချာ​ မျက်နှာသစ်​ပေး​ပါ။
  • Tonerလိမ်းပြီး မျက်နှာ​ပေါ်က အညစ်အ​ကြေး​တွေကို ​​cleansing နောက်ဆုံးအဆင့်အ​​နေနဲ့ ​သေချာ​လေး သန့်စင်​ပေး​ပါ။
  • ကိုယ့်အသားအ​ရေနဲ့ ကိုက်ညီတဲ့ Moisturizer တစ်ခုခုကိုလည်း လိမ်း​ပေးသင့်ပါတယ်။
  • ဖြစ်နိုင်ရင် ဒီလိုအချိန်မှာ မိတ်ကပ်လိမ်းတာကို ​ရှောင်​ပေးတာ အ​ကောင်းဆုံးပါ။
  • တစ်ခါသုံး Maskမဟုတ်ပဲ အဝတ် Mask တပ်တဲ့သူ​တွေအတွက်လည်း ​Maskကို သေချာ​လျှော်ပြီး သန့်စင်​အောင်ထားပါ။
  • တစ်ခါသုံး Surgical mask​တွေကို ပြန်လည်အသုံးပြုတာမျိုး လုံးဝမလုပ်သင့်ပါ။
  • ခံတွင်းသန့်ရှင်း​ရေးကိုလည်း ​ဂရုပြုသင့်ပါတယ်။

ဒီလို အချက်​လေး​တွေလိုက်လုပ်​ပေးမယ်ဆိုရင်​တော့ Maskne ဖြစ်ခြင်းက​နေ ကာကွယ်နိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *