အသားအရေလှပချင်တဲ့သူတိုင်း Sun Cream သုံးပေးဖို့လိုအပ်ပါတယ်။
နေရောင်ကနေလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို အများဆုံးပျက်စီးစေတဲ့ တရားခံပဲဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ Skin Care ပဲလိမ်းလိမ်း Sun Creamလိမ်းဖို့ မေ့နေရင်တော့ မဖြစ်ပါဘူးနော်။
ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ပျက်စီးစေတဲ့အပြင် နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ အလွယ်တကူအိုမင်းရင့်ရော်လာခြင်း၊ အသားအရေခြောက်သွေ့ကာ တင်းတိတ်နှင့် အမဲစက်ဖြစ်ပေါ်လာခြင်းနဲ့ အသားအရောင်ပြောင်းလဲခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
မိမိအသားအရေကို ဂရုစိုက်ချင်ရင်တော့ Sun Cream ကို နေပူထဲထွက်မှမဟုတ်ပဲ နေ့စဉ် Daily Use အနေနဲ့ သုံးပေးသင့်ပါတယ်။ အများစုက Sun cream လိမ်းဖို့ မေ့နေတတ်ကြတာရော သုံးဖို့မလိုအပ်ဘူးလို့ ထင်ပြီး Sun Cream ကို လိမ်းဖို့ ဂရုမပြုမိကြပါဘူး။
Foundation မှာ ပါဝင်တဲ့ SPF ပမာဏက နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်ဖို့ မလုံလောက်ပါဘူးနော်။ နေရောင်ခြည်မှာပါဝင်တဲ့ UVA, UVB တွေက အသားအရေ အတွင်းပိုင်းအထိ ဖောက်ဝင်ပြီး အသားအရေကို ထောက်ခံပေးထားတဲ့ Skin cell တွေကို ဖျက်ဆီးပစ်လိုက်တာကြောင့် နေရောင်ဒဏ်ကို လုံလုံလောက်လောက် ကာကွယ်ပေးနိုင်တဲ့ SPF 50+PA++ ရှိတဲ့ Sun Creamမျိုး အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
Sun Creamရဲ့ အရေးကြီးပုံကိုလည်း သိထားဖို့လိုအပ်ပြီး အခုအချိန်ကနေ စပြီး အသားအရေကောင်းမွန်ဖို့အတွက်ဆိုရင်တော့ Sun Cream လိမ်းဖို့ လုံးဝလုံးဝ မမေ့ကြဖို့ အကြံပြုချင်ပါတယ်။