တင်းရင်းစိုပြေပြီး ပြစ်မျိုးမဲ့မထင်တဲ့ အသားအရေကိုပေးစွမ်းနိုင်တဲ့ သလဲသီးရဲ့ အားသာချက်
သလဲသီး ခေါ် Pomegranate
တင်းရင်စိုပြေပြီး ပြီးပြည့်စုံတဲ့အသားအရေလေးကို ပေးစွမ်းနိုင်တဲ့ “သလဲသီး” နဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
သလဲသီးကတော့ ပတ္တမြားလုံးလေးတွေလို နီရဲပြီး ချိုမြတဲ့ အရသာကိုပေးစွမ်းတဲ့ အသီးလေးဖြစ်တဲ့အပြင် သူမှာပါဝင်တဲ့အာဟာရဓာတ်က အသားအရေအတွက်ကောင်းမွန်တဲ့ဓာတ်တွေကို ပေးစွမ်းပါတယ်။
သလဲသီးဟာဆိုရင်တော့
- Antioxidants
- Vitamin A,C,E နဲ့ Folic Acid အပြင်
- Minerals ဓာတ်ကြွယ်ဝတဲ့ အသီးပဲဖြစ်ပါတယ်။
အရေးအကြောင်းနဲ့ Aging ကို တားဆီးပေးနိုင်ပြီး ငယ်ရွယ်နုပျိုစေခြင်း
======================================
သလဲသီးမှာတော့ Antioxidants ကြွယ်ဝပြီး အသားအရေရဲ့ အဓိကလိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ Skin cellတွေကို လှုံ့ဆော်ပေးနိုင်တဲ့အပြင် သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် အရေးအကြောင်းနဲ့ အသားအရေလျော့ရဲမှုကို ထိန်းသိမ်းကာကွယ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းစေပါတယ်။ ဒါကြောင့် အရေးအကြောင်း ကင်းစင်ပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင်တော့ သလဲသီးနဲ့ပြုလုပ်ထားတဲ့ product တွေကို သုံးပေးရပါမယ်။
စိုပြေနုညံ့တဲ့ အသားအရေကို ပေးစွမ်းခြင်း
=========================
Vitamin C အပြည့်အဝပါဝင်တဲ့အပြင် သလဲသီးရဲ့ 82%က ရေဓာတ်ပါဝင်တာဖြစ်တဲ့အတွက် Mineral ဓာတ်လည်း ကြွယ်ဝပါတယ်။ Vitamin C ကတော့ ညစ်ပြီး ခြောက်သွေ့တဲ့ အသားအရေကို ကုသပေးတဲ့အပြင် ကြမ်းတမ်းတဲ့အသားအရေကို ချောမွေ့နူညံ့စေပါတယ်။ ရေဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အသားအရေအတွက် လုံလောက်တဲ့ အစိုဓာတ်ကို အပြည့်အဝဖြည့်တင်းပေးနိုင်တာမို့ စိုပြေဝင်းပတဲ့ အသားအရေကို ပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။
သလဲသီးကတော့ Anti-wrinkle, Anti-Agingနဲ့ Mineral ဓာတ်အပြည့်အဝပါဝင်တာကြောင့် Skin care product တွေမှာ အသုံးများတဲ့ အဓိက Ingredientပဲဖြစ်ပါတယ်။
သလဲသီးနဲ့ထုတ်လုပ်ထားတဲ့ Skin care product လေးတွေကို ညွှန်းပေးရရင်တော့ မင်မင်အနေနဲ့ စိုပြေတင်းရင်းပြီး အရေးအကြောင်းကင်းစင်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မင်မင်တို့ Uniq Han မှာရရှိနိုင်တဲ့ သလဲသီးနဲ့ထုတ်လုပ်ထားတဲ့
- Coreana Entia Aging Cut Seies
- Natuer Be Reactive Series စတဲ့
Skin Care Product တွေကို အသုံးပြုနိုင်ပါတယ်။
အမြဲတမ်းနုပျိုပြီး တင်းရင်းစိုပြေနုညံ့တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ သလဲသီးနဲ့ ထုတ်လုပ်ထားတဲ့ Product လေးတွေကို သုံးဖို့သတိရလိုက်ပါနော်။
#Uniqhan #Beautytip #Skincare #Ageing #Wrinkle #Hydrate #Pomegranate