ဆောင်းရာသီမှာ နူးညံ့စိုပြေတဲ့ အသားအရေလေးကို ရရှိစေမဲ့ နည်းလမ်း
================= ================

ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ခြင်း၊ယားယံခြင်းတို့ ဖြစ်လေ့ရှိပြီး ပုံမှန် တခြားရာသီတွေထက် အသားအရေပျက်စီးနိုင်ခြေ ပိုမိုများပါတယ်။

ဆောင်းရာသီရဲ့ လေထုနဲ့ ရာသီဉတုက မူလအရေပြားအတွင်းက အစိုဓာတ်ကို ခမ်းခြောက်စေပြီး အသားအရေကို ပိုမိုခြောက်သွေ့စေပါတယ်။ အရေပြားခြောက်သွေ့လာတဲ့အခါ ယားယံခြင်း Skin အပေါ်ယံလွှာ ကွာကျခြင်းနဲ့ အသားအရေကြမ်းတမ်းလာခြင်းတို့ကိုဖြစ်ပေါ်စေပြီး အရေးအကြောင်းတွေကို အလွယ်တကူ ဖြစ်စေပါတယ်။

အဲ့ဒီအကျိုးဆက်တွေမဖြစ်ဖို့အတွက် ဆောင်းရာသီမှာ မှန်ကန်တဲ့ အသားအရေထိန်းသိမ်းမှုကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မင်မင်ကတော့ အသားအရေခြောက်သွေ့ခြင်းက ကင်းဝေးပြီး စိုပြေနူညံ့တဲ့ အသားအရေလေး ရရှိနိုင်ဖို့ အတွက် အဓိကလိုအပ်တဲ့ ထိန်းသိမ်းပုံလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

1. Cleansing

ဆောင်းရာသီမှာ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုတဲ့အခါ Non-Foaming, Cream-Based, Oil Cleanser စတဲ့ type မျိုးကို အသုံးပြုပေးခြင်းက အသားအရေရဲ့ ရေဓာတ်ဆုံးရှုံးမှုကနေ ပထမအဆင့် ကာကွယ်ပေးနိုင်ပါတယ်။

2. Exfoliation/ peeling

အသားအရေခြောက်သွေ့ခြင်းကနေ Dead cellတွေဖြစ်ပေါ်တဲ့အတွက်ကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ peelingကို တစ်ပတ် တစ်ကြိမ်မှနှစ်ကြိမ်အထိ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အသားအရေခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ exfoliateကို အလွန်အကျွံမလုပ်ဖို့ သတိပြုရမှာပဲဖြစ်ပါတယ်။

3. Moisture/ Hydrating Toner

မျက်နှာသစ်ပြီးနောက် တိုနာကို မဖြစ်မနေသုံးပေးဖို့ အရမ်းအရေးကြီးပါတယ်။ အစိုဓာတ်ကို ပြန်လည် ထိန်းသိမ်းဖို့အတွက် Hydrate ပြည့်ဝတဲ့ Moisturizer toner ၊အာဟာရဓာတ်ဖြည့်ပေးနိုင်တဲ့ Nutritive toner, Reactive tonerတို့ကို အသုံးပြုပေးရမှာပဲဖြစ်ပါတယ်။

4. Serum/ Essence/ Ampoule

တခြား Skin care stpeတွေထက် Serum, Essence, Ampoule စတဲ့ Product တွေက အလွန်သေးငယ်တဲ့ Molecules လေးတွေနဲ့ ပြုလုပ်ထားတာကြောင့် အရေပြား အတွင်းပိုင်းအထိစိမ့်ဝင်လွယ်ပြီး အာဟာရဓာတ်ကို အထိရာက်ဆုံးဖြည့်ပေးနိုင်တဲ့ Product တွေပဲဖြစ်ပါတယ်။ ဆောင်းရာသီမှာ ရေဓာတ်နဲ့ အာဟာရပြည့်ဝတဲ့ Moisture/ Nutritive type မျိုး Antioxidant နဲ့ Vitamin C ကြွယ်ဝတဲ့ သလဲသီးနဲ့ပြုလုပ်ထားတဲ့ product မျိုးကို အဓိက အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။

5. Emulsion & Cream

အစိုဓာတ်ပြည့်ဝနေစေဖို့အတွက် အစိုဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်တဲ့ Moisture Emulsion, Creamတို့ကို အဆင့်ဆင့်လိမ်းဖို့လည်း အမြဲသတိပြုရမှာပဲဖြစ်ပါတယ်။ အစိုဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးနိုင်မှသာ အသားအရေခြောက်သွေ့ခြင်းကနေ ကင်းဝေးပြီး စိုပြေနူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ဆောင်းရာသီမှာ အသားအရေလေး စိုပြေလှပစေဖို့အတွက် အထက်ပါ အချက်လေးတွေအတိုင်း မိမိအသားအရေလေးကို ဂရုစိုက်ပေးမှသာ ဆောင်းတွင်းကာလ တစ်လျှောက်လုံး အသားအရေခြောက်သွေ့ ကြမ်းတမ်းခြင်းကနေ ကင်းဝေးပြီး နူးညံ့စိုပြေလှပနေမှာပဲဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *