ဆောင်းရာသီရောက်ရင် အသားခြောက်တဲ့ ဒဏ်ကိုလည်း ကြုံလာရတော့မှာပါရှင့်….

ဒီလိုတွေမဖြစ်အောင် ဆောင်းတွင်းမှာဆိုရင်..

  • မိမိနှင့် သင့်တော်တဲ့ Moisturizer တစ်ခုခု ရွေးချယ်ပြီး လိမ်းပေးပါ။ ဒီလိုအချိန်မှာ ခြောက်သွေ့နေတဲ့ မျက်နှာအသားအရေကို Moisturizer တစ်ခုခုလိမ်းပေးပြီး အစိုဓါတ်ဖြည့်ပေးသင့်ပါတယ်။
  • အသားမပက်အောင် Body Lotion တစ်ခုခု အမြဲလိမ်းပေးပါ။
  • မိမိအသားအရေနဲ့ ကိုက်ညီမယ့် Moisture Mask လေးတွေကို ပုံမှန် ကပ်ပေးလို့ရပါတယ်။ အသားခြောက်တတ်တဲ့သူတွေဆိုရင်တော့ Moistureဖြည့်ပေးနိုင်တဲ့ Maskမျိုးကပ်ပေးသင့်ပါတယ်။
  • နှုတ်ခမ်းမခြောက်သွေ့အောင်လည်း Lip Balm လေးလိမ်းပေးသင့်ပါတယ်။
    ရေများများသောက်ပေးပါ။ ဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အသားအရေအပြင်ပိုင်းကိုလည်း အစိုဓါတ်ဖြည့်ပေးရသလို ခန္ဓာကိုယ်အတွင်းပိုင်းကနေလည်း ရေဓါတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်နော်
  • အရမ်းပူတဲ့ ရေထက် ရေနွေးနွေးလေးနဲ့ပဲ ရေချိုးပေးပါ။ အရမ်းပူတဲ့ရေက အသားအရေရဲ့ သဘာဝအစိုဓါတ်တွေကို ခမ်းခြောက်စေတာမို့ အရမ်းအေးတဲ့အခါ ရေနွေးနွေးလေးနဲ့ပဲ ရေချိုးပေးတာ အကောင်းဆုံးပါနော်။
  • သံလွင်ဆီလို ဆီတစ်မျိုးမျိုးနဲ့ အသားအရေကို နှိပ်နယ်ပေးပါ။ ခြောက်သွေ့နေတဲ့ အသားအရေတွေအတွက် အစိုဓါတ်ဖြည့်ပေးရာမှာ သံလွင်ဆီက အထောက်အကူပေးနိုင်ပါတယ်။

ဒီအချက်လေးတွေကို လိုက်လုပ်ပေးသွားမယ်ဆိုရင် ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့မှာ စိတ်မပူရတော့ဘူးပေါ့

Leave a Reply

Your email address will not be published. Required fields are marked *