ဝက်ခြံ ကင်းရှင်းပြီးလှပတဲ့ အသားအရေလေး ရရှိနိုင်ဖို့အတွက် skin careပုံ နည်းလမ်းအဆင့်ဆင့်

  • ဝက်ခြံဘာကြောင့်ဖြစ်တာလဲ
  • ဝက်ခြံဖြစ်နေတဲ့အခါ ဘယ်လိုဂရုစိုက်ရမှာလဲ ဝက်ခြံကိုဘယ်လို ကုသမလဲ
  • ဝက်ခြံအတွက် ဘယ်လို Ingredient မျိုးပါတာကိုရွေးချယ်အသုံးပြုရမှာလဲ

ဝက်ခြံဆိုတာ အဓိကကတော့ Skin ထဲက အဆီထုတ်လုပ်မှုနှုန်းများပြီး အညစ်အကြေး၊အဆီတွေနဲ့ ဆဲလ်သေတွေက အရေပြားပေါ်က ချွေးပေါက်မှာပိတ်စို့ရာက ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။

ဝက်ခြံကိုဖြစ်ပွားစေတဲ့ ပိုးမွှားလေးတွေက ဒီချွေးပေါက်မှာ ပိတ်စို့နေတဲ့ အဆီတွေကိုစားသုံးပါတယ်။ ချွေးပေါက်ပိတ်စို့မှုများလာတဲ့အခါ အဲ့ဒီ ဘက်တီးရီးယားလေးတွေက ချွေးပါက်မှာလာစုပြီး ပိုးမွှားတွေပေါက်ပွားကာ ဝက်ခြံကို ပိုမိုပျံပွားလာစေပါတယ်။

ဝက်ခြံဖြစ်လာတဲ့အခါ အဓိကဂရုစိုက်ရမဲ့အချက်တွေကတော့

  • Step 1 အနေနဲ့ မျက်နှာကို သန့်သန့်ရှင်းရှင်းထားရပါမယ်။ Cleansing သေချာလေး လုပ်ပေးရပါမယ်။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးရပါမယ်။ Cleansing လုပ်ရာတွင်လည်း မိမိအသားအရေအလိုက် Facial foamရွေးချယ်အသုံးပြုတတ်ရပါမယ်။
  • Step 2 မှာတော့ Peeling gel လေးနဲ့ မိမိမျက်နှာကို ပိုမိုသန့်စင်သွားအောင်လို့ Peeling လုပ်ပေးရမှာပဲဖြစ်ပါတယ်။ ထို့နောက် ကြက်သီးရေနွေးလေးဖြင့် သန့်စင်သွားအောင် ဆေးချပေးရမှာ ဖြစ်ပါတယ်။ Peeling Gelကိုတော့ တစ်ပတ်ကို နှစ်ကြိမ်သာလျှင် အသုံးပြုပေးသင့်ပါတယ်။
  • Step 3 လေးမှာတော့ Toner ကို Cotton pad အသုံးပြုကာ မျက်နှာနေရာအနှံ့ အသာအယာ လိုက်ပုတ်လိမ်းပေးရမာပဲ ဖြစ်ပါတယ်။ Tonerလေးက မိမိမျက်နှာချွေးပေါက်လေးများအတွင်းရှိ ဖုန်မှုန့် အညစ်အကြေးများကို ထပ်မံသန့်စင်ပေးနိုင်တာပဲဖြစ်ပါတယ်။
  • Step 4 နောက်ဆုံးအဆင့်အနေနဲ့ ဝက်ခြံဖြစ်ပေါ်နေတဲ့ နေရာလေးတွေမှာ ဝက်ခြံသက်သာစေတဲ့ ဆေးမြင်းခွါနဲ့ Tea Tree Leaf’s Oilတို့ပါဝင်တဲ့ creamလေးနဲ့ ဝက်ခြံပေါ်တို့ပေးထားမယ်ဆို ဝက်ခြံလေးတွေ အမြန်ဆုံးသက်သာသွားနိုင်မှာ ဖြစ်ပါတယ်။

ဝက်ခြံဖြစ်နေတဲ့ အတောအတွင်း ချွေးပေါက်ကို ပိတ်စေမဲ့ မိတ်ကပ်လိမ်းခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုရှောင်ရှားရပါမယ် ။ မိတ်ကပ်လိမ်းထားရင် မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီးမှ မျက်နှာသစ်ပေးရမယ်။

  • ဝက်ခြံကိုထိခြင်း၊ ညှစ်ခြင်းကို မပြုလုပ်သင့်ပါဘူး။ ဝက်ခြံညစ်ခြင်းက Bacteria ကို ပိုမိုပျံ့ပွှားစေပါတယ်။
  • မျက်နှာကိုလက်နဲ့ကိုင်တွယ်တာမျိုးကို ရှောင်ရှားရပါမယ်။ မျက်နှာနဲ့ထိတွေ့တဲ့ မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး၊ ဆံပင်စတဲ့အရာတို့ကို သန့်ရှင်းနေအောင်ထားရပါမယ်။
  • သန့်ရှင်းလတ်ဆတ်တဲ့အသီးအနှံတို့ကိုစားပေးရမယ်။ သကြားနဲ့ နို့ထွက်ပစည်း အငန်၊ အစပ် တွေကို လျော့စားရမယ်။ ရေများများသောက်ပေးရမယ် ။ ညဘက် 10 နာရီမထိုးခင်အိပ်ပေးရမယ်။ Stress ကိုတတ်နိုင်သမျှ လျော့ရပါမယ်။

ဒါကြောင့် ဝက်ခြံဖြစ်လာပြီဆိုရင် အပေါ်ကအတိုင်း လိုက်နာနေထိုင်ပြီး Skin treatment တွေကို အသုံးပြုတဲ့အခါလည်း “Centella Asiatica Extract, Tea Tree Oil, Madecassoside” အစရှိတဲ့ Ingredient တွေပါတဲ့ Skin care တွေကို စနစ်တကျသုံးပေးမှသာ အချိန်ခဏလေးအတွင်းမှာ အမြန်ပျောက်ကင်းမှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ ဝက်ခြံကင်းရှင်းပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *