Hello~~~

 

ဒီနေ့မှာတော့ မင်မင်က #AmpleNMyanmar ချစ်သူလေးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ Eyeနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ ပြောပြပေးသွားချင်ပါတယ်ရှင့်။

 

လူတစ်ယောက်ရဲ့မျက်နှာမှာဆို မျက်လုံးလေးကလည်း လှပနေဖို့အရေးကြီးတယ်နော်။👁

 

အဲ့ဒီလိုလှပတဲ့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ဖို့အတွက် Skincare step မှာ Eye Creamကို ထည့်ဖို့အတွက်လည်း အရေးကြီးပါတယ်နော်။

 

မျက်လုံးကို လက်နဲ့ခဏခဏ သွားပွတ်မိတာမျိုးတွေရှိနိုင်လို့ အရေးအကြောင်းတွေ၊မျက်အိတ်တွဲတာတွေ၊ မျက်အိတ်ဖောင်းနေတာမျိုးတွေမဖြစ်အောင် ရေဓာတ်ဖြည့်ပေးတဲ့ တင်းရင်းစေတဲ့ Eye Creamမျိုးကို ပုံမှန်လေး အသုံးပြုပေးသင့်ပါတယ်နော်။👀👁

 

ဒါ့အပြင် မျက်လုံးကို အရမ်းပွတ်တာမျိုး မပြုလုပ်သင့်ပါ။❌

ဖုန်းကိုဆက်တိုက်မကြည့်ပဲ မျက်လုံးကို အနားပေးသင့်ပါတယ်✅

EyeLiner ,Eye Shadowဆိုးထားရင် ညအိပ်ခါနီး သေချာလေး သန့်စင်ပေးပါ✅

နေရောင်ထဲသွားမယ်ဆိုရင်လည်း နေကာမျက်မှန်တပ်ဆင်သင့်ပါတယ်ရှင့်✅

 

ကဲ ဒီလိုလေးတွေဆောင်သင့်ရှောင်သင့်တာလေးတွေ လိုက်နာမယ်ဆိုရင် လှပတဲ့မျက်ဝန်းလေးတစ်စုံပိုင်ဆိုင်နိုင်မှာပါနော်။

#AmpleNMyanmar#EyeCareTips

Leave a Reply

Your email address will not be published. Required fields are marked *