⛈️⛈️⛈️လူတွေဟာ တစ်ဦးနဲ့တစ်ဦးတွေ့ပြီဆိုတာနဲ့ အရင်ဆုံး ခေါင်းအစ‌ခြေအဆုံး အကဲခတ်အနေနဲ့ ကြည့်တတ်ကျပါတယ်နော်၊အထူးသဖြင့်အခုလို စိုစွတ်တဲ့ရာသီမှာအပြင်ထွက်ပြီးပြန်လာရင် hairနဲ့ body က အညစ်အကြေးတွေအလွယ်‌တကူကပ်တွယ်လာကြပါတယ်။ ဒီလိုရာသီတွေမှာ ပိုဂရုပြုပြီးသန့်ရှင်းနေစေဖို့

ဒီပတ်မှာတော့ကိုယ်ရဲ့ hair နဲ့ body ဘယ်လိုဂရုစိုက်ရလည်းဆိုတဲ့အကြောင်းလေးပြောပြပေးသွားပါ့မယ်ရှင့်။

Hair care

✓ခေါင်းကို တစ်ပတ်နှစ်ကြိမ်အနည်းဆုံးလျှော်ခြင်းဖြင့်သန့်စင်ပေးရပါမယ်။ လျှော်တဲ့အခါလည်းနှိပ်နယ်ပေးပြီးလျှော်ပေးမယ်ဆိုရင် သွေးလည်ပတ်အားကောင်းပြီးဆံပင်အရှည်မြန်ပါတယ်။

✓မကြာခဏဆံသားကိုတင်းတင်းချည်ခြင်းမှရှောင်ပေးပါ။ တင်းတင်းချည်တဲ့အခါဆံပင်ပျက်လွယ်ဆံပင်ကျွတ်လွယ်ပါတယ်။

✓အပူဓာတ်များလွန်းတဲ့ပစ္စည်းအသုံးပြုခြင်းမှရှောင်ပေးရပါမယ် ။

✓ဆံသားကို‌အေးမြသောရေဖြင့်သာအသုံးပြုပေးပါ။

✓ဆံပင်ကိုမကြာခဏညှပ်ပေးခြင်းဟာလည်းဆံသားကိုအားပြန်ဖြည့်ပြီးပျက်စီးနေတာတွေထိန်းသိမ်းပေးခြင်းတစ်မျိုးထဲပါပါတယ်။

Body Care

✓ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံများကိုမျှတစွာစားပေးခြင်းဟာခန္တာကိုယ်ရဲ့ကျန်းမာရေညီညွတ်စေပါတယ်။

✓အခုလိုစွတ်စိုတဲ့ရာသီမှာ အပြင်ထွက် အားကစားလုပ်ဖို့အဆင်မပြေတဲ့အတွက် အိမ်တွင်းအားကစားလုပ်ပေးခြင်းဖြင့်

✓ တစ်ပတ်ကိုတစ်ကြိမ်အနည်းဆုံး Scrub သုံးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာကပ်ညှိနေတဲ့အညစ်အကြေးတွေဖယ်ရှားပေးပြီး အသားအရေကိုကြည်လင်တောက်ပစေပါတယ်။

✓Scrubသုံးပြီး ‌နောက် lotion(or)body oil ကိုမဖြစ်မနေပြန်အသုံးပေးခြင်းဖြင့် အသားရေခြောက်သွေ့ကြမ်းတမ်းခြင်းမှကာကွယ်ပေးပီးနူးညံ့ချောမွေ့စေပါတယ်။

✓စိတ်ဖိစီးမှုကိုလျော့ချပေးပြီး အိပ်ရေးဝဝအိပ်စက်ခြင်းဟာလည်း ခန္တာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းပါပဲ စိတ်နဲ့ကိုယ်ကို‌ပေါ့ပါးလန်းဆန်းစေလိုပါရှင့်။

#UniqHan #Beautytip

Leave a Reply

Your email address will not be published. Required fields are marked *