ဝက်ခြံဘာကြောင့်ဖြစ်တာလဲ⁉️

ဝက်ခြံဖြစ်နေတဲ့အခါ ဘယ်လိုဂရုစိုက်ရမှာလဲ❓ဝက်ခြံကိုဘယ်လို ကုသမလဲ❗
ဝက်ခြံအတွက် ဘယ်လို Ingredient မျိုးပါတာကိုရွေးချယ်အသုံးပြုရမှာလဲ⁉️
ဝက်ခြံကင်းရှင်းပြီးလှပတဲ့အသားအရေလေး ရရှိနိုင်ဖို့အတွက် ဝက်ခြံနဲ့ပတ်သက်ပြီး သိကောင်းစရာ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။💁

ဝက်ခြံက အဓိကကတော့ Skin ထဲက အဆီထုတ်လုပ်မှုနှုန်းများပြီး အညစ်အကြေး၊အဆီတွေနဲ့ ဆဲလ်သေတွေက အရေပြားပေါ်က ချွေးပါက်မှာပိတ်စို့ရာက ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ ဝက်ခြံကိုဖြစ်ပွားစေတဲ့ ပိုးမွှားလေးတွေက ဒီချွေးပေါက်မှာ ပိတ်စို့နေတဲ့ အဆီတွေကိုစားသုံးပါတယ်။ ချွေးပေါက်ပိတ်စို့မှုများလာတဲ့အခါ အဲ့ဒီ ဘက်တီးရီးယားလေးတွေက ချွေးပါက်မှာလာစုပြီး ပိုးမွှားတွေပေါက်ပွားကာ ဝက်ခြံကို ပိုမိုပျံပွားလာစေပါတယ်။😵😵

ဝက်ခြံဖြစ်လာတဲ့အခါ အဓိကဂရုစိုက်ရမှာကတော့

  • မျက်နှာကို သန့်သန့်ရှင်းရှင်းထားရမယ်။ Cleansing သေချာလုပ်ပေးရမယ်၊ တနေ့နှစ်ကြိမ် မျက်နှာသစ်ပေးရမယ်။ ဝက်ခြံဖြစ်နေတဲ့ အတောတွင်း ချွေးပေါက်ကို ပိတ်စေမဲ့ မိတ်ကပ်လိမ်းခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုရှောင်ရှားရပါမယ်💄🚫။ မိတ်ကပ်လိမ်းထားရင် မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီးမှ မျက်နှာသစ်ပေးရမယ်။ တစ်ပတ်တစ်ကြိမ် အနည်းဆုံး peeling လုပ်ပေးရမယ်။💆💆💆
  • ဝက်ခြံကိုထိခြင်း၊ ညှစ်ခြင်းကို မပြုလုပ်သင့်ပါဘူး။ ဝက်ခြံညစ်ခြင်းက Bacteria ကို ပိုမိုပျံ့ပွှားစေပါတယ်။❌❌
  • မျက်နှာကိုလက်နဲ့ကိုင်တွယ်တာမျိုးကို ရှောင်ရှားရပါမယ်။❌ မျက်နှာနဲ့ထိတွေ့တဲ့ မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး၊ ဆံပင်စတဲ့အရာတို့ကို သန့်ရှင်းနေအောင်ထားရမယ်။
  • သန့်ရှင်းလတ်ဆပ်တဲ့အသီးအနှံတို့ကိုစားပေးရမယ်။🍅🍉🍊 သကြားနဲ့ နို့ထွက်ပစည်း🍼 အငန်၊ အစပ် တွေကို လျော့စားရမယ်။ 🍧🍡ရေများများသောက်ပေးရမယ်💧💧။ ညဘက် 10 နာရီမထိုးခင်အိပ်ပေးရမယ်။ Stress ကိုတတ်နိုင်သမျှ လျော့ရပါမယ်။
    အားလုံးရှောင်ပြီးပြီဆိုရင်တော့ ဝက်ခြံကို ဘယ်လိုကုသကြမလဲ? ဘယ်လို Ingredient ပါတာမျိုးတွေက ဝက်ခြံအတွက်ကောင်းတာလဲဆိုတာပြောပြပေးပါ့မယ်နော်။👇👇👇

Centella Asiatica Extract🌱
====================

Acne Treatment တွေနဲ့ Anti-Aging skincareတွေမှာ အများဆုံးပါဝင်တဲ့ Centella Asiatica Extract ဆိုတာကတော့ Admin တို့အမြဲတမ်း မြင်တွေ့နေရတဲ့ မြင်းခွာရွက်ပဲဖြစ်ပါတယ်။ မြင်းခွာရွက်က အဓိက အမြင်အာရုံကို ကြည်လင်စေပြီး ဆေးဘက်ဝင်တဲ့ အရွက်ဖြစ်တယ်ဆိုတာကို အားလုံးကသိကြမှာပါ။ ဒါပေမဲ့သူက အသားအရေအတွက် ဘယ်လိုကောင်းသလဲဆိုတာတော့ အသိနည်းကြပါတယ်။ Centella Asiatica Extract (မြင်းခွာရွက်)မှာတော့ Vitamin C, Vitamin-A, Vitamin B1/B2 အစရှိတဲ့ Antioxidants တွေအပြည့်အဝ ပါဝင်တဲ့အပြင် သူ့ဆီကနေရရှိတဲ့ Asiatic Acid, Madecassoside Acid, Asiatic side နဲ့ Madecassoside စတာတွေက အသားအရေကို ကောင်းမွန်စေတဲ့ ဓာတ်တွေပဲဖြစ်ပါတယ်။မြင်းခွာရွက်မှာပါဝင်တဲ့

  • 📌Asiatic oxide က Collagenထုတ်လုပ်မှုကို အားပေးပြီး အသားအရေတင်းရင်းစေပါတယ်။
  • 📌Madecassoside က အသားအရောင်နီမြန်းခြင်း၊ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။
  • 📌Vitamin- C, A, B1, B2 စတဲ့ Vitamins နဲ့ Antioxidants တွေက အသားအရေကို ကြည်လင်ပြီး အိုမင်းရင့်ရော်မှုကိုတားဆီးပေးပါတယ်။
  • 📌သွေးလည်ပတ်မှုအားကောင်းစေပြီး Skin Healing ကောင်းစေတဲ့အတွက် အမာရွတ်တွေကို အလျင်အမြန် သက်သာစေပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်၊ ချိုင့်ခွက်တွေကို အမြန်ဆုံးကုသပေးနိုင်ပါတယ်။

နောက်တမျိုးက အားလုံးသိကြတဲ့အတိုင်း Tea Tree oilပဲဖြစ်ပါတယ်။

Tea Tree ရဲ့အသုံးဝင်ပုံလည်း တော်တော်ကိုများပါတယ်။ Tea Tree plant ကနေထွက်တဲ့ Tea Tree Oil လေးဟာတော့ ဘက်စုံအသုံးဝင်တဲ့ Essential Oilလေးတစ်မျိုးပဲဖြစ်ပါတယ်။ သူကတော့ ဆံပင်ပြဿနာ၊ အရေပြားပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အဆီတမျိုးပဲဖြစ်ပါတယ်။ အဓိကအနေနဲ့ Acne Prone Skin သမားတွေအတွက် အလွန်ကောင်းမွန်တဲ့ ဆေးဘက်ဝင်အပင်ပဲဖြစ်ပါတယ်။

Tea Tree Oil ကတော့

  • 📌ဝက်ခြံနဲ့ အရေပြားအလာဂျီထခြင်း၊ အရေပြားယားယံခြင်းတို့ကို သက်သာစေပါတယ်။
  • 📌အဆီပျံခြင်းကို ထိန်းညှိပေးပြီး ချွေးပေါက်ကျယ်တာကို ပြန်လည်ကျဉ်းစေပါတယ်။
  • 📌ဝက်ခြံဖြစ်စေတဲ့ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ၊ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။
  • 📌ဝက်ခြံကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ဝက်ခြံဖြစ်မှုနှုန်းကိုလည်းတားဆီးပေးပါတယ်။
  • 📌ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်နဲ့ အမဲစက်တွေကို ကုသပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။

ဒါကြောင့် ဝက်ခြံဖြစ်လာပြီဆိုရင် အပေါ်ကအတိုင်း လိုက်နာနေထိုင်ပြီး Skin treatment တွေကို အသုံးပြုတဲ့အခါလည်း “Centella Asiatica Extract, Tea Tree Oil, Madecassoside” အစရှိတဲ့ Ingredient တွေပါတဲ့ Skin care တွေက စနစ်တကျသုံးပေးမှသာ အချိန်ခဏလေးအတွင်းမှာ အမြန်ပျောက်ကင်းမှာပဲ ဖြစ်ပါတယ်။

ဝက်ခြံကင်းရှင်းပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ဒီလိုမျိုး ဝက်ခြံအတွက် ထိရောက်တဲ့ ingredientလေးတွေပါဝင်တဲ့ Medicne product လေးရှိတယ်‌ေနာ်။Medicne Product လေး Discount နဲ့ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ ဝင်ရောက် ဝယ်ယူနိုင်ပါတယ်ရှင့်။

https://ulike.com.mm/product-tag/medicne/

Leave a Reply

Your email address will not be published. Required fields are marked *