ဆောင်းတွင်းရောက်ပြီဆိုရင် ဆောင်းရာသီမှာ တော်တော်များများ ဦးရေပြားနဲ့ ဆံသားတွေခြောက်ပြီး ဗောက်တွေ အရမ်းထကြပါတယ်။

ဒီလိုဆိုရင်တော့ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဗောက်ထတာ သက်သာအောင်လုပ်လို့ရမဲ့ နည်းလမ်းလေးပြောပြပေးချင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ နောက်ထပ်နည်းလမ်းလေးတစ်ခုကို ထပ်မံပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Aloe Vera >>> မည့်သည့်နေရာတွင်မဆို အသုံးဝင်တဲ့ Aloe Vera လေးကလည်း ခေါင်းအစခြေအဆုံး အသုံးပြုလို့ရတဲ့ အကျိုးပြုပစ္စည်းလေးတစ်ခုဖြစ်ပါတယ်ရှင့်။

Aloe Vera လေးက ဗောက်ဖြစ်ခြင်းကို ကာကွယ်ပေးရုံသာမက ဆံပင်ကျွတ်တာတွေကိုလည်း သက်သာစေပါတယ်ရှင့်။

ဒါကြောင့်မို့လို့ ခေါင်းမလျှော်ခင် နာရီဝက်အလိုလောက်မှာ ရှားစောင်းပင်ရဲ့ အထဲက Gel အနှစ်လေးတွေကို ဆံသားမှာရော ဉီးရေပြားမှာရော ပွတ်လိမ်းထားပေးလိုက်ပါ။ နာရီဝက်ပြည့်ပြီဆိုရင်တော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *