ပျက်စီးနေတဲ့ ဆံပင်သားလေးတွေကို repairလုပ်ရာမှာ ပိုပြီး ထိရောက်စေနိုင်မယ့် Tipsလေးများ

ဆံသားလေးတွေက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောရလောက်အောင် ဆံသားလေးတွေရဲ့ အလှအပကလည်း အရမ်းအရေးကြီးပါတယ်။ ဒီလို ဆံသားလေးတွေ မပျက်စီးရလေအောင် အမြဲ သတိထားပြီး ထိန်းသိမ်းသင့်ပါတယ်။

ပျက်စီးနေတဲ့ ဆံသားလေးတွေကိုလည်း သေချာလေး ဂရုစိုက်ပေးသင့်ပါတယ်။

ဒါဆိုရင် ပျက်စီးနေတဲ့ ဆံသားတွေကို ဘယ်လို ပြန်ပြုပြင်ရမလဲ???

  • ပထမဆုံး ကိုယ့်ဆံသားနဲ့ ကိုက်ညီတဲ့ Shampooကို သေချာလေးရွေးချယ်ပြီး သုံးပေးသင့်ပါတယ်။
  • ပုံမှန် Conditioner သုံးလေ့မရှိခဲ့ရင်လည်း ခုချိန်ကစပြီး ကိုယ့်ရဲ့ ပျက်စီးနေတဲ့ ဆံသားလေးတွေအတွက် ထိရောက်စေမယ့် Conditioner တစ်မျိုးမျိုးကို ရွေးချယ်ပြီး သုံးပေးသင့်ပါတယ်။

ဘာလို့လဲဆိုတော့ Conditionerသုံးပေးမယ်ဆိုရင် ပျက်စီးနေတဲ့ ဆံနွယ်တွေကို အရင်းကနေ အဖျားထိ ပြုပြင်ပေးနိုင်လို့ ပိုပြီးထိရောက်စေမှာပါ။

ဆံပင်ကို Shampooလေးနဲ့ ခေါင်းလျှော်ပြီးတိုင်း Conditionerလေးနဲ့ ထပ်လျှော်ပေးသင့်ပါတယ်။ လိုအပ်မယ်ဆိုရင် Hair Treatmentလေးကိုလည်း ၁လမှာ ၁ကြိမ် ၂ကြိမ်လောက် သုံးပေးသင့်ပါတယ်။

  • ပျက်စီးနေတဲ့ ဆံသားလေးတွေကို ခေါင်းလျှော်ရာမှာ ရေအေးထက် ကြက်သီးရေနွေးလေးနဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သီးရေနွေးက ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေသလို ဆံသားအတွက်လည်း ကောင်းမွန်စေလို့ပါ။
  • ခေါင်းလျှော်ပြီးတဲ့ အခါမှာလည်း ဆံသားကို အထောက်အကူပြုစေတဲ့ oil တစ်ခုခု ဒါမှမဟုတ် hair serumလေးတွေလည်း ပုံမှန် လိမ်းပေးသင့်ပါတယ်။ အဲလိုလိမ်းပေးတာက ကြမ်းတမ်းပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည် နူးညံ့ချောမွေ့စေမှာပါ။
  • ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်အခြောက်ခံရာမှာလည်း Hair Dryerကို အကြာကြီး မသုံးသင့်ပါဘူး။ Hair Dryerသုံးတာထက် မျက်နှာသုတ်ပဝါ ဒါမှမဟုတ် နူးညံ့တဲ့ အဝတ်စနဲ့ ဆံပင်ကို သေချာဆုပ်နယ်ပြီး သုတ်ပေးသင့်ပါတယ်။
  • ခေါင်းဖြီးရာမှာလည်း ဘီးစိတ်ထက် ဘီးကြဲကိုသာ သုံးပေးသင့်ပါတယ်။ ဘီးစိတ်နဲ့ ခေါင်းဖြီးမယ်ဆိုရင် ကြမ်းတမ်းပျက်စီးနေတဲ့ ဆံသားတွေကို ပိုပြီး ရှုပ်ထွေးစေတာ ငြိစေတာတို့ ဖြစ်စေပြီး ပိုပြီးလည်း ပျက်စီးလွယ်စေမှာပါ။ ဒါ့ကြောင့် ဘီးကြဲလေးနဲ့ပဲ ခေါင်းဖြီးပေးသင့်ပါတယ်။

ဒီလို Tipsလေးတွေအတိုင်း ပုံမှန်လေး သေချာလိုက်လုပ်ပေးမယ်ဆိုရင် ပျက်စီးနေတဲ့ ဆံသားလေးတွေကို ပိုပြီး အချိန်မြန်မြန်ဆန်ဆန်နဲ့ ပြန်လည် ပြုပြင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *