ဆံပင်တွေ ဘာ့ကြောင့်ကျွတ်

လူတော်တော်များများက အကြောင်းအရင်းအမျိုးမျိုးကြောင့် ဆံပင်ကျွတ်လေ့ရှိကြပါတယ်…..

  • မိမိ စားတဲ့ အစားအသောက်မှာ အာဟာရဓါတ်တစ်ခုခုချို့တဲ့နေလို့လည်း ဆံပင်ကျွတ်တတ်ပါတယ်။
  • လူတွေအဖြစ်အများဆုံးကတော့ Stress များလို့ ဆံပင်ကျွတ်တာများပါတယ်။
  • မကြာခဏ အပူပေးစက်တွေနဲ့ ဆံပင် ပုံသွင်းပြီး ဆံပင်ဆေးဆိုးတတ်သူတွေအတွက်လည်း ဆံသားတွေပျက်စီးလာပြီး ဆံပင်ခဏခဏ ကျွတ်တတ်ပါတယ်။
  • အမျိုးသမီးတွေဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
  • တချို့က ကျတော့ ကျန်းမာရေးကြောင့် (ဒါမှမဟုတ်) ဆေးပြင်းတွေ သောက်နေရတဲ့ သူတွေလည်း ဆံပင်ကျွတ်တတ်ကြပါတယ်။

ဘယ်လိုကြောင့်ပဲ ဆံပင်ကျွတ်ကျွတ်….

ဆံပင်ကျွတ်တာကို သေချာထိန်းသိမ်းတတ်ဖို့တော့လိုပါတယ်။…

ဆံပင်ကျွတ်တတ်သူတွေအတွက် အပူပေးစက်နဲ့ ဆံပင်ပုံသွင်းတာတွေ၊ ဆံပင်ဆေးဆိုးတာတွေကို ခဏခဏ မလုပ်သင့်ပါဘူး။

ဆံသားတွေအတွက်ကောင်းတဲ့ အာဟာရဓါတ်ပြည့်ဝတဲ့ အစားအသောက်မျိုး စားပေးသင့်ပါတယ်

ဆံသားကို အားဖြည့်ပေးနိုင်တဲ့ ဆီတစ်မျိုးမျိုး (ဒါမှမဟုတ်) Hair Coat, Hair serum လိမ်းပြီး ဦးခေါင်းခွံကို နှိပ်နယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

  • ခေါင်းလျှော်ပြီးကာစ အချိန်မှာ ရေစိုနေတဲ့ ဆံသားကို ခေါင်းဖြီးတာမျိုး လုံးဝမလုပ်ပါနဲ့။
  • ရေနွေးပူပူနဲ့ ခေါင်းလျှော်တာမျိုးကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဆံပင်ကျွတ်တာကို ထိန်းသိမ်းဖို့အတွက် လုပ်သင့်တဲ့အချက်နဲ့ မလုပ်သင့်တဲ့ အချက်လေးတွေကို သတိထားမိသွားပြီ ထင်ပါတယ်။…..

Leave a Reply

Your email address will not be published. Required fields are marked *