ဆောင်းရာသီရောက်တိုင်း ကြုံတွေ့နေရတဲ့ ဗောက် ပြသာနာများအတွက်

လူတိုင်းလိုလို ဗောက်ပြသာနာတွေနဲ့ ကြုံတွေ့လေ့ရှိပါတယ်။ တခြားအချိန်တွေထက် ဆောင်းရာသီ အချိန်မှာ ဗောက်ပိုထတတ်ပါတယ်။ ဆောင်းရာသီအချိန်က လေထုစိုထိုင်းမူနည်းပါးတာကြောင့် ဆံသားနဲ့ ဉီးရေပြားခြောက်သွေ့မူကို ပိုမိုဖြစ်စေနိုင်ပါသည်။ ဉီးရေပြားခြောက်သွေ့ပြီဆိုတာနဲ့ ဆဲလ်ဟောင်းတွေ ကွာကျပြီး ဗောက်တွေ ထလာကြတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ အဖြူရောင် ဗောက်ဖတ်တွေ အများဆုံးဖြစ်လေ့ရှိပါတယ်။ ရာသီဉတုအနေအထား ‌‌ဟော်မုန်းအပြောင်းအလဲ စားသောက်နေထိုင်မှုပုံစံ စတာတွေကြောင့် ဗောက်ဖြစ်တဲ့ အကြောင်းအရင်းတယောက်နဲ့တယောက်မတူညီတတ်ကြပါဘူး။

ဗောက်တွေကို ကုသတဲ့အခါ မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးတဲ့ အချက်(၅)ချက်ကို မျှဝေပေးချင်ပါတယ်။

  • (၁) တပတ်ကို ၂-၃ကြိမ်သာ ခေါင်းလျှော်ပါ။နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။
  • (၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ မသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်ပါတယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။
  • (၃) နေ့စဉ်ခေါင်းဖီးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။
  • (၄) စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတတ်နိုင်သမျှ လျှော့ချပါ။
  • (၅) ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေပါတယ်။ အပြင်ထွက်တိုင်း ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်ကမှိုပိုးပေါက်ဖွားမှုကို ပိုမိုဖြစ်စေနိုင်ပါသည်။

ဗောက်သက်သာစေတဲ့ ခေါင်းလျှော်ရည်ကို‌ရွေးချယ်တဲ့အခါ ဦးရေပြားကို မထိခိုက်စေပဲ ‌ရေဓာတ်နဲ့အဆီဓာတ်ကို ညီမျှအောင်ထိန်းညှိပေးတဲ့ ပစ္စည်းမျိုး ဦးရေပြားမှာရှိတဲ့ ဘက်တီးရီးယားပိုးသတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ ပစ္စည်းများကို ရွေးချယ်သုံးပေးရပါမယ်။

ဒီအချက်လေးတွေအတိုင်းလိုက်နာပြီး ဦးရေပြားကို ထိန်းသိမ်းမယ်ဆိုရင်တော့ ကျန်းမာပြီးလှပတဲ့ ဦး‌ရေပြားကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *