မိုးရာသီမှာ ဦးရေပြားနဲ့ ဆံသားကို ဘာလို့ သေချာ ထိန်းသိမ်းပေးသင့်တာလဲ

ဘာကြောင့်လဲဆိုရင် မိုးရာသီရဲ့ စိုထိုင်းမှုကြောင့် အညစ်အကြေးတွေ ပိုကပ်လွယ်ပြီး ဆံသားပျက်စီးမှုနှုန်းလည်း များနိုင်လို့ပါပဲ။

မိုးရာသီမှာ အမြဲ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ဆံသားကျန်းမာရေးကို ဘယ်လို ဂရုစိုက်ပေးရမလဲ

  • မိုးရာသီမှာ တစ်ပတ်ကို ၂ကြိမ် ၃ကြိမ်လောက် ပုံမှန်ခေါင်းလျှော်ပေးပါ။
  • ဒီလိုလုပ်ပေးမယ်ဆိုရင် စိုထိုင်းထိုင်းဖြစ်နေတဲ့ ဆံသားနဲ့ ဦးရေပြားက အညစ်အကြေးတွေကို သေချာ သန့်စင်ပေးနိုင်မှာပါ။
  • ခေါင်းလျှော်ရာမှာလည်း Shampoo အပြင် ဆံသားကိုအားဖြည့်ပေးနိုင်တဲ့ Conditionerလေး တွဲသုံးပေးပါ။
  • ဒီလို ရာသီမှာ ဆံသားပျက်စီးနိုင်ခြေ များတဲ့အတွက်ကြောင့် အားနည်းနေတဲ့ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ Conditionerတစ်ခုခု သုံးပေးသင့်ပါတယ်။
  • ခေါင်းလျှော်ပြီးလို့ ဆံပင်အခြောက်ခံရာမှာလည်း Hair Dryerကို အကြာကြီးမသုံးသင့်ပါဘူး။
  • ဒီလို မိုးရာသီမှာ Hair Dryer နဲ့ ဆံပင်အခြောက်ခံတာ အပြင် စက်ဆွဲပြီး ဆံပင် ကောက်ဖြောင့်တာတို့ကိုလည်း မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက ဆံသားကို ပိုပြီး ပျက်စီးစေနိုင်လို့ပါ။
  • ဆံပင်စိုနေစဥ်မှာ ဆံပင်စည်းတာတို့ ခေါင်းဖြီးတာတို့ မလုပ်သင့်ပါဘူး။
  • ဘာဖြစ်လို့လဲဆိုတော့ ဆံပင်တွေ ပိုပြီး ရှုပ်ထွေးလာနိုင်ပြီး ပျက်စီးနိုင်ခြေများလို့ပါ။
  • ဆံသားကို အားဖြည့်ပေးနိုင်တဲ့ Serum (or) Oil တစ်ခုခုပုံမှန်လိမ်းပေးပါ။
  • ဒီလိုဆိုရင် မိုးရာသီကြောင့် စိုထိုင်း ရှုပ်ထွေးလွယ်တဲ့ ဆံသားတွေကို ချောမွေ့စေပြီး ဆံသားပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒီလို စိုစွတ်တဲ့ မိုးရာသီမှာ အပေါ်ကအချက်လေးတွေအတိုင်း ဆံသားကို သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် ဆံသားပျက်စီးမှုကနေလည်း အချိန်မီ ကာကွယ်ပေးနိုင်မှာပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *